-->

Label

MMEBOOK. Powered by Blogger.

Tags

Travel

Comments

Popular

အပျိုကြီး....တစ်ယောက်အကြောင်း

Advertisemen
😅😅 ကိုယ့် fri တွေထဲက ယောက်ျားမရှိ / မရသေးတဲ့ အပျိုကြီးတွေ အပျိုလေးတွေ ခလေး နှစ်ယောက် သုံးယောက်နဲ့ အပြိုကြီးတွေကို ကလိဦးမှ သူတို့စိတ်ဆိုးနေဒါလေးတွေ ပုံလေးတင်ပြရင်  ဟေ ဟေ့ 😅😅😅

အပျိုကြီး....တစ်ယောက်အကြောင်း

တစ်ခါတုန်းက ရွာတစ်ရွာမှာ...မရွှေတုတ် လို့ခေါ်တဲ့ .ဂေါ်မစွံ အပျိုကြီးတစ်ယောက်ရှိပါတယ်။
သူက ယောက်ျား ယူဖို့မျှော်လင့်နေပေမယ့်... သူ့ရွာမှာကော..ရွာနီးချုပ်စပ်မှာပါ...
သူ့ကို ယူမယ့်..ယောက်ျား.. တစ်ယောက်မှ မရှိဘူးဖြစ်နေပါတယ်။
ဒီလိုနဲ့ တစ်နေ့တော့....အဲဒီအပျိုကြီး ဟာ..အပေါင်းအဖော်တစ်သိုက်နဲ့...
ရန်ကုန်ရွှေမြို့ တော်ကြီးကို ဘုရားဖူးရန်ထွက်လာခဲ့ပါတယ်။
ဘုရားဖူးခရီးက ပြန်လာပြီးတဲ့ နောက်မှာတော့.....အပျိုကြီးရဲ့ ပြောင်းလဲမှုတွေကို တစ်ရွာလုံးက အံ့အားတသင့်နဲ့ပဲ....တွေ့ မြင်ကြရပါတော့တယ်။အရင်ကဆိုရင်..အဲဒီအပျိုကြီး မရွှေတုတ် ဟာ.....အလှပြင်ဖို့နဲ့...ပုရိသတို့ကို... မျက်စပစ်ဖို့လောက် သာ စဉ်းစားနေတတ်ပေမယ့်...ရန်ကုန်က ပြန်လာပြီးနောက်မှာတော့ ...နေပူမရှောင်မိုးရွာမရှောင်...လယ်စိုက်ချိန်လယ်၊ ကိုင်းစိုက်ချိန် ကိုင်း... နဲ့..အလုပ်မျိုးစုံကို ကြိုးစားလုပ်ပြီး ပိုက်ဆံစုနေပါတော့တယ်....။

ဒါ့အပြင်.. အပျိုကြီးမရွှေတုတ်က တစ်ခါတစ်လေ..ရောင်းဈေးမေးခဲ့ရင်ကောင်းသား.လို့ ခပ်တိုးတိုး..ရေရွတ်ငြီးတွားနေသံကိုလဲ..မသဲမကွဲ ကြားနေကြရတော့. တစ်ရွာလုံးအတွက်..စောင့်ကြည့်စရာ..ပဟေဠိတစ်ခု ဖြစ်လို့နေပါတော့တယ်။ နောက်ဆုံးမှာတော့......ဘယ်လိုမှ သည်းခံ မစောင့်ကြည့်နိုင်တော့တဲ့...သူတစ်ချို့ကအပျိုကြီးမရွှေတုတ် ထံ..ချဉ်းကပ် မေးမြန်းပါတော့တယ်....။

အပျိုကြီးမရွှေတုတ်ရဲ့ အဖြေ ကို ကြားရအပြီးမှာတော့.....တစ်ရွာလုံး...မပြုံးနိုင်တော့ဘဲ ..၀ါးလုံးကွဲကိုရီမိကြပါတော့တယ်.
ရွာသူအများ - ဟဲ့ အပျိုကြီး....နင် ဘာဖြစ်လို့များ ပိုက်ဆံကိုအသည်းအသန်ရှာနေရတာလဲ။မရွှေတုတ် - ၀ယ်စရာရှိလို့ပါ ဟယ်။ရွာသူအများ - ဘာဝယ်ချင်လို့များ...အဲလောက်အလုပ်လုပ်နေရတာလဲ အပျိုကြီးရယ်။မရွှေတုတ် - ရှင်တို့ ကျွန်မကို အဲလို အပျိုကြီးလို့..ခေါ်ခေါ်နေလို့လဲ... ကျွန်မက
ပိုကြိုးစားနေရတာရှင့်။ဒီရွာမှာသာ ကျွန်မကိုယူမယ့်သူ မရှိလို့ မယူရတာ... မြို့ မှာတော့လေ..ယောက်ျားတွေမှ ပေါလို့တော့်။
အဲဒီယောက်ျားတွေကိုများလေ....ကားတွေနဲ့လည်ရောင်းနေတာများ..အများကြီးတွေ့ ခဲ့ပါရောလားတော်။
ရွာသူအများ - ဘာ...ဘယ်လို.. မရွှေတုတ်ရဲ့ ။နားလည်အောင်ပြောပါဦးအေ။မရွှေတုတ် - ကျုပ် ရန်ကုန်ကို ဘုရားဖူးသွားတုန်းကပေါ့အေ။ကျုပ်တို့ ကားမှတ်တိုင်မှာ ဘတ်စ် ကားစောင့်နေတုန်း.. ကားတစ်စီးရောက်လာပါရောအေ့။ယောက်ျားတွေမှ ပေါအားကြီးပဲအေ။ ကားခေါင်မိုးပေါ်မှာကော၊ နောက်မှာ
တွယ် ထားတာတွေကော..အများကြီးပါလာပါကောအေ့။ အဲဒီမှာ ကားစပယ်ယာ က အော်နေတာလေ.....
“ယောက်ျား ရမယ်။ ယောက်ျာလေးရမယ်''ဆိုပဲတော်။
ကျုပ်ဖြင့်ပျော်လိုက်တာအေ။ဒါကြောင့်ပိုက်ဆံရှာနေတာပေါ့တော့်။ပိုက်ဆံတွေ ရရင် မြို့ တက်ပြီးယောက်ျားဝယ်မလို့တော့်။ခက်တာက ကျုပ် တစ်ခါတည်းဈေးမေးလာခဲ့ရင် ကောင်းသားတော်..........! ! ! ! !။

(ယောက်ျားလေးတွေ ကားတွယ်စီးရင် အဲဒီလိုအပျိုကြီးမျိုး သတိထားကြနော်.. :D)

crd.
A.Angel
သတင်းဘုရင်
Advertisemen

Disclaimer: Gambar, artikel ataupun video yang ada di web ini terkadang berasal dari berbagai sumber media lain. Hak Cipta sepenuhnya dipegang oleh sumber tersebut. Jika ada masalah terkait hal ini, Anda dapat menghubungi kami disini.
Related Posts
Disqus Comments
© Copyright 2017 celechithu - All Rights Reserved - Distributed By Artworkdesign - Created By BLAGIOKE Diberdayakan oleh Blogger