-->

Label

MMEBOOK. Powered by Blogger.

Tags

Travel

Comments

Popular

Best Photo Editing App

Advertisemen
အခုခေတ် စမတ်ဖုန်း အသုံးပြုသူတွေအနေနဲ့ ဓာတ်ပုံရိုက်ပြီးလို့ Social Media တွေပေါ်တင်ချင်တဲ့အခါ ဓာတ်ပုံတွေကို ကြည့်ကောင်းစေဖို့အတွက် Photo Editing app တွေကို အသုံးပြုကြပါတယ်။ ခရီးထွက်တဲ့ အခါမျိုးတွေမှာ ရိုက်လာတဲ့ သဘာဝ အလှ ရှုခင်းဓာတ်ပုံတွေ ကိုလည်း အလျင်းသင့်သလို Filter တွေ၊ Effect တွေထည့်ခြင်းက ပိုမိုပြီး ဆွဲဆောင်မှုရှိစေပါတယ်။ အဲ့ဒီအတွက် သင်ရိုက်ကူးထားသမျှ ဓာတ်ပုံတွေကို ပိုမိုဆွဲဆောင်မှုရှိလာအောင် အကောင်းဆုံး ပြုပြင်နိုင်ဖို့ အသင့်တော်ဆုံး Photo Editing App (၃) ခုကို ဖော်ပြပေးလိုက်ပါတယ်။

Pixlr – Free Photo Editor


Autodesk ရဲ့ ဖန်တီးမှုတစ်ခုဖြစ်ပြီး ဓာတ်ပုံတွေကို အလွယ်ကူဆုံး ပြုပြင်နိုင်မယ့် Android photo editing app တစ်ခုဖြစ်ပါတယ်။ App ရဲ့ features တွေအဖြစ် effect တွေ၊ overlay တွေနဲ့ filter တွေ စုစုပေါင်း (၂) သန်းနီးပါးလောက် ပါဝင်ပါတယ်။ Quick crop နဲ့ minor editing တွေပြုလုပ်နိုင်တဲ့အပြင် အနေအထားမလှတဲ့ဓာတ်ပုံတွေကိုတောင် အနည်းငယ် ကြည့်ပျော်ရှုပျော် ဖြစ်သွားစေဖို့အတွက် ပြင်ဆင်နိုင်ပါတယ်။ အောက်က Link မှာ အခမဲ့ ရယူနိုင်ပါတယ်။

ဒေါင်းရန်နှိပ်ပါ

VSCO


ဒီ app ကတော့ ခပ်ပေါပေါ Android ဖုန်းတစ်လုံးကိုတောင် အကောင်းဆုံး ဓာတ်ပုံတွေ ဖန်တီးနိုင်စေမှာဖြစ်ပါတယ်။ ပြင်ဆင်ထားတဲ့ ဓာတ်ပုံတွေကို VSCO ရဲ့ ကိုယ်ပိုင် Social network ပေါ်တင်နိုင်သလို အခြား social network တွေပေါ်မှာလည်း မျှဝေနိုင်ပါတယ်။ အောက်ကလင့် မှာ အခမဲ့ရယူနိုင်ပေမယ့် ပိုမိုကောင်းမွန်တဲ့ filter pack တွေရယူဖို့အတွက်တော့ Google Play account ကနေ ဝယ်ရမှာဖြစ်ပါတယ်။ ဝယ်လိုက်တဲ့ Filter packs တွေကို Google Play account ထဲမှာ သိမ်းဆည်းပေးထားမှာဖြစ်တဲ့အတွက် ဖုန်းတစ်လုံးကနေ နောက်တစ်လုံး ပြောင်းသုံးရင်တောင် ဝယ်ပြီးသားအတိုင်းရှိနေမှာဖြစ်ပါတယ်။

ဒေါင်းရန်နှိပ်ပါ

Snapseed


Google Photos နဲ့ မလုံလောက်တဲ့အခါ Google ရဲ့ ကိုယ်ပိုင်ဖြစ်တဲ့ Snapseed ကို သုံးနိုင်ပါသေးတယ်။ ဒီ App ရဲ့ feature တွေကတော့ destkop photo editing app တွေမှာလိုမျိုး essential tools တွေ ပါဝင်တာဖြစ်ပါတယ်။ On-screen histogran , lens corrector ,့ healing brush ,ံHDR tuner စတာတွေပါဝင်ပြီး frame တွေနဲ့ filter တွေလည်း ပြည့်ပြည့်စုံစုံ ပါဝင်တာတွေ့ရပါတယ်။ JPEG ရော RAW ကိုပါ ထောက်ပံ့တဲ့အတွက် big camera photography  အဖြစ် major edit တွေလည်းပြုလုပ်နိုင်ပါတယ်။ အောက်က Link မှာ အခမဲ့ရယူနိုင်ပါတယ်။

ဒေါင်းရန်နှိပ်ပါ

Ref: AndroidCentral

http://digitaltimes.com.mm/12314/foto-edit-apps/
Advertisemen

Disclaimer: Gambar, artikel ataupun video yang ada di web ini terkadang berasal dari berbagai sumber media lain. Hak Cipta sepenuhnya dipegang oleh sumber tersebut. Jika ada masalah terkait hal ini, Anda dapat menghubungi kami disini.
Related Posts
Disqus Comments
© Copyright 2017 celechithu - All Rights Reserved - Distributed By Artworkdesign - Created By BLAGIOKE Diberdayakan oleh Blogger